Thaisar Logo

Thaisar ထိုင်းစာ

Thai Language Center

Level-2 | အခန်း (၁) အချိန် (Time & Daily Routine)

Thaisar - ထိုင်းစာ သင်တန်းကျောင်းမှ ကြိုဆိုပါတယ်! ⏰

Level-2 အခန်း (၁) "အချိန်" (Time & Schedule) တွင် ၂၄ နာရီစလုံး အဓိက အချိန်အပိုင်းအခြား (၆) မျိုးကို မတူညီသော အရောင်များဖြင့် ခွဲခြားပြသထားပြီး၊ အချိန်မေးနည်း သဒ္ဒါများနှင့် တစ်နေ့တာ လှုပ်ရှားမှုများကို အပြည့်အစုံ လေ့လာနိုင်ပါသည်။

အချိန် မေးမြန်း စကားပြော ၂၄ နာရီ အရောင်ခွဲ စနစ် သဒ္ဒါ သော့ချက် (၅) မျိုး

အချိန် မေးမြန်းခြင်း စကားပြော (Time Dialogue)

တဝမ် (Tawan) နှင့် နိုင် (Naing) တို့အကြား အချိန် မေးမြန်းခြင်း အပြန်အလှန် စကားပြောများ။

ထိုင်းအသံထွက် နားထောင်ရန် ဘေးရှိ အသံထွက် ခလုတ်ကို နှိပ်ပါရှင်။
တဝမ် (Tawan)

ตอนนี้กี่โมงแล้วคะ

အသံထွက်: တော်(န်)နီး ကီမုန်း(င်) လဲဝိုး ခ

အခု ဘယ်နှစ်နာရီရှိပြီလဲရှင့်။

နိုင် (Naing)

สี่โมงเย็นครึ่งแล้วครับ ทำไมครับ

အသံထွက်: ဆီမုန်း(င်)ယေ(န်) ခရင်း(င်) လဲဝိုး ခရင့်(င်) ၊ ထမိုင်(ယ်) ခပ်(ပ်)

ညနေ ၄ နာရီခွဲပါပြီ။ ဘာဖြစ်လို့လဲခင်ဗျ။

တဝမ် (Tawan)

นัดกับเพื่อนค่ะ

အသံထွက်: နတ်(တ်) ကပ်(ပ်) ဖွတ်အန့်(န်) ခ

သူငယ်ချင်းနဲ့ ချိန်းထားလို့ပါရှင့်။

နိုင် (Naing)

นัดกี่โมงครับ

အသံထွက်: နတ်(တ်) ကီမုန်(င်) ခပ်(ပ်)

ဘယ်နှစ်နာရီ ချိန်းထားတာလဲခင်ဗျ။

တဝမ် (Tawan)

หกโมงเย็นค่ะ

အသံထွက်: ဟုတ်(က်) မုန်(င်) ယေ(န်) ခ

ည ၆ နာရီပါရှင့်။

နိုင် (Naing)

ทำงานเสร็จหรือยังครับ

အသံထွက်: ထမ်(မ်) ငါန်(န်) စေ(တ်) လွတ်အန်(န်) ခပ်(ပ်)

အလုပ်တွေ ပြီးသွားပြီလားခင်ဗျ။

တဝမ် (Tawan)

งานของวันนี้ทำเสร็จแล้วค่ะ

အသံထွက်: ငါန် ခေါ်(င်) ဝမ်(န်)နီး ထမ်(မ်) စေ့(တ်) လဲဝိုး ခ

ဒီနေ့အတွက် အလုပ်တွေ အားလုံး ပြီးပါပြီ။

နိုင် (Naing)

งั้นเลิกงานได้ครับ เมื่อไหร่จะกลับบ้านครับ

အသံထွက်: ငန်(န်) လွတ်ငါန်(န်) ဒိုက် ခပ် ၊ မူအာလိုင် ကျ ကလပ်(ပ်) ဘန့်(န်) ခပ်(ပ်)

ဒါဆို အလုပ်ဆင်းလို့ ရပါပြီ။ ဘယ်အချိန် အိမ်ပြန်မလဲခင်ဗျ။

တဝမ် (Tawan)

ห้าโมงเย็นค่ะ

အသံထွက်: ဟာ့ မုန်(င်) ယေ(န်) ခ

ညနေ ၅ နာရီပါရှင့်။

Notification

Action completed successfully.