အချိန် မေးမြန်းခြင်း စကားပြော (Time Dialogue)
တဝမ် (Tawan) နှင့် နိုင် (Naing) တို့အကြား အချိန် မေးမြန်းခြင်း အပြန်အလှန် စကားပြောများ။
ตอนนี้กี่โมงแล้วคะ
အသံထွက်: တော်(န်)နီး ကီမုန်း(င်) လဲဝိုး ခ
အခု ဘယ်နှစ်နာရီရှိပြီလဲရှင့်။
สี่โมงเย็นครึ่งแล้วครับ ทำไมครับ
အသံထွက်: ဆီမုန်း(င်)ယေ(န်) ခရင်း(င်) လဲဝိုး ခရင့်(င်) ၊ ထမိုင်(ယ်) ခပ်(ပ်)
ညနေ ၄ နာရီခွဲပါပြီ။ ဘာဖြစ်လို့လဲခင်ဗျ။
นัดกับเพื่อนค่ะ
အသံထွက်: နတ်(တ်) ကပ်(ပ်) ဖွတ်အန့်(န်) ခ
သူငယ်ချင်းနဲ့ ချိန်းထားလို့ပါရှင့်။
นัดกี่โมงครับ
အသံထွက်: နတ်(တ်) ကီမုန်(င်) ခပ်(ပ်)
ဘယ်နှစ်နာရီ ချိန်းထားတာလဲခင်ဗျ။
หกโมงเย็นค่ะ
အသံထွက်: ဟုတ်(က်) မုန်(င်) ယေ(န်) ခ
ည ၆ နာရီပါရှင့်။
ทำงานเสร็จหรือยังครับ
အသံထွက်: ထမ်(မ်) ငါန်(န်) စေ(တ်) လွတ်အန်(န်) ခပ်(ပ်)
အလုပ်တွေ ပြီးသွားပြီလားခင်ဗျ။
งานของวันนี้ทำเสร็จแล้วค่ะ
အသံထွက်: ငါန် ခေါ်(င်) ဝမ်(န်)နီး ထမ်(မ်) စေ့(တ်) လဲဝိုး ခ
ဒီနေ့အတွက် အလုပ်တွေ အားလုံး ပြီးပါပြီ။
งั้นเลิกงานได้ครับ เมื่อไหร่จะกลับบ้านครับ
အသံထွက်: ငန်(န်) လွတ်ငါန်(န်) ဒိုက် ခပ် ၊ မူအာလိုင် ကျ ကလပ်(ပ်) ဘန့်(န်) ခပ်(ပ်)
ဒါဆို အလုပ်ဆင်းလို့ ရပါပြီ။ ဘယ်အချိန် အိမ်ပြန်မလဲခင်ဗျ။
ห้าโมงเย็นค่ะ
အသံထွက်: ဟာ့ မုန်(င်) ယေ(န်) ခ
ညနေ ၅ နာရီပါရှင့်။